သြစတြေးလျလေဘာပါတီက ကြီးမှူးပြုလုပ်သော အမျိုးသမီးကိုယ်စားလှယ်လောင်းများဆိုင်ရာ သင်တန်း တက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

သြစတြေးလျနိုင်ငံ၊ ကဲန်းမြို့တွင် သြစတြေးလျလေဘာပါတီက အိမ်ရှင်အဖြစ် ကြီးမှူးပြုလုပ်သော အမျိုးသမီးကိုယ်စားလှယ်လောင်းများဆိုင်ရာသင်တန်းကို ၂၀၁၉၊ ဇွန်လ ၆ ရက်မှ ၇ ရက်နေ့အထိ နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းအစီအစဉ်သို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဒု ဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခင်စော ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းစမ်းစမ်းအေးတို့ တက်ရောက်ခဲ့ကြပါသည်။ ထိုသင်တန်းတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် နန်းခင်စောက ရွေးကောက်ပွဲအတွေ့အကြုံများအားလည်းကောင်း၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နန်းစမ်းစမ်းအေးက “ခေါင်းဆောင်မှုအခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဒု-ဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံက Empowering Women- what more can we? ခေါင်းစဉ်ဖြင့်လည်းကောင်း အမျိုးသမီးကိုယ်စားလှယ်လောင်းဆိုင်ရာ အမြင်သဘောထားများအား တင်ပြ ဆွေးနွေးခဲ့ကြပါသည်။ သင်တန်းသို့ သြစတြေးလျ လေဘာပါတီ နှင့် အရှေ့တီမော၊ မြန်မာ၊ အင်ဒိုနီးရှား၊ ပါပူဝါနယူးဂီနီ၊ နယူးဇီလန်၊ အိန္ဒိယနိုင်ငံတို့မှ မိတ်ဖက်နိုင်ငံရေးပါတီများ တက်ရောက်ခဲ့ကြပါသည်။

[ngg src=”galleries” ids=”601″ display=”basic_thumbnail”]