သမဂ္ဂရင်ပြင်တွင် ကျင်းပသည့် (၅၅)နှစ်မြောက် ၇-ဇူလိုင် အခမ်းအနားသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

၇၊ ၇၊ ၂၀၁၇ ရက်​​နေ့တွင်​ ကျ​ရောက်​သည့် ၅၅ နှစ်​​မြောက်​ ၇-ဇူလိုင်​ အခမ်းအနားကို ရန်​ကုန်​တက္ကသိုလ်​ တကသမြက်​ခင်းပြင်​ရှိ ဗိုလ်​​အောင်​​ကျော်​အထိမ်းအမှတ်​​ကျောက်​တိုင်​၌ ကျင်းပခဲ့ပါသည်​။ ဗကသများအဖွဲ့ချုပ်​၊ ​ပညာ​ရေးတက္ကသိုလ်​​ ​ကျောင်းသားများသမဂ္ဂ၊ ဆေးတက္ကသိုလ်​ ၂ ​​ကျောင်းသားများသမဂ္ဂ၊ ​​ရန်ကုန်​တောင်​ပိုင်းခရိုင်​​ ‌ကျောင်းသားများသမဂ္ဂ၊ လူ့​ဘောင်သစ်ဒီမိုကရက်တစ်​ပါတီ၊ လူ့​ဘောင်​သစ်​လူငယ်​၊ ၇၄-၇၅-၇၆ နိုင်​ငံ​ရေးအင်​အားစုများ အစရှိသည့် ​​​ကျောင်းသား​မျိုးဆက်အသီးသီး၊ နိုင်​ငံ​ရေးအင်​အားစုအသီးသီး တက်​​ရောက်​ဂုဏ်​ပြုခဲ့ကြပါသည်​။
အခမ်းအနား၌ ၇-ဇူလိုင်​တွင်​ ကျဆုံးခဲ့သည့် ကျောင်းသားရဲဘော်များအား ဦးညွတ်​အလေးပြုပြီး​နောက်​ ဗကသများအဖွဲ့ချုပ်၏ သဘောထားကြေငြာချက်ကို ဖတ်ကြားခဲ့ပါသည်​။ သမဂ္ဂအဆောက်အဦးနှင့် ပတ်သတ်သည့် ဗကသများအဖွဲ့ချုပ်၏ သဘောထားကိုလည်း ဗကသဗဟိုလုပ်​ငန်း​ကော်​မတီဝင်​ ကို​အောင်​ထက်​​အောင်​က ​ပြောကြားခဲ့ပါသည်။ လူ့ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီနှင့် လူ့​ဘောင်​သစ်​လူငယ်​တို့ကလည်း သဝဏ်​လွှာများ ​ပေးပို့ဂုဏ်​ပြုခဲ့ကြပါသည်​။

[ngg_images source=”galleries” container_ids=”226″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]