သဘာဝသယံဇာတဘဏ္ဍာငွေ မျှဝေရေး မူကွဲများအကြောင်း ဆွေးနွေးပွဲကျင်းပ

ပါတီလှုပ်ရှားမှုများ

မြန်မာပါတီစုံဒီမိုကရေစီအစီအစဉ်(DIPD)မှ စီစဉ်ကျင်းပသော ဖက်ဒရယ်မူဝါဒရေးရာ နိုင်ငံရေးစကားဝိုင်းကို ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ၂၆- ၈- ၁၆ ရက်နေ့ နံနက် ၉:ဝ၀ နာရီမှ ၁၂:ဝ၀ နာရီအထိ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် သဘာဝသယံဇာတဘဏ္ဍာငွေ မျှဝေရေး မူကွဲများအကြောင်းကို ဆရာမော်ထွန်းအောင်(Natural Resource Governance Institute)က ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသော နိုင်ငံရေးပါတီခေါင်းဆောင်များက သိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် ဗဟိုစည်ရုံးရေးကော်မတီဝင် ဦးအောင်မျိုးဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။