သတင်းအချက်အလက် ရပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ


(၂၀၁၉၊ ဇူလိုင်၊ ၆)

Pen Myanmar နှင့် ပြည်ကြီးခင်တို့ ပူးပေါင်းကျင်းပသည့် သတင်းအချက်အလက် ရပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉၊ ဇူလိုင် ၆ ရက်နေ့လည် ၁းဝ၀ နာရီမှ ညနေ ၅းဝ၀ နာရီအထိ ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် သတင်းအချက်အလက်ရပိုင်ခွင့်ဥပဒေ(မူကြမ်း)ပါ ပြဌာန်းချက်များ၊ နိုင်ငံတကာတွင် ကျင့်သုံးနေသည့် သတင်းရယူခွင့်အခြေအနေများကို နှိုင်းယှဉ်ဆွေးနွေးခဲ့ကြပါသည်။ ဥပဒေမူကြမ်းတွင်ပါရှိသည့် နိုင်ငံသားများအနေဖြင့် သိသင့်သိထိုက်သည့် သတင်းအချက်အလက်များကို တောင်းခံရယူနိုင်ခွင့်၊ ကော်မရှင်ဖွဲ့စည်းခြင်း၊ ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ အရေးယူ အပြစ်ပေးခြင်း စသည့်ပုဒ်မများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် တာဝန်ရှိသူများက ထုတ်ပြန်ပေးသည့် သတင်းအချက်အလက်များ မှားယွင်းမှုအပေါ် မည်သို့ တာဝန်ခံသင့်သလဲ အစရှိသည်တို့ကိုလည်း စိတ်ပါဝင်စားစွာ ဆွေးနွေးခဲ့ကြပါသည်။ ဤဥပဒေမူကြမ်းကို ယခင်အစိုးရလက်ထက်ကတည်းက အရပ်ဘက်အဖွဲ့အစည်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ဆွေးနွေးခဲ့ကြသော်လည်း ယခုအချိန်အထိ ပြည်သူကို ချပြခြင်း၊ လွှတ်တော်သို့တင်ပြခြင်း မရှိသေးကြောင်းနှင့် ဆွေးနွေးရရှိထားသည့် ဥပဒေမူကြမ်းနှင့်လည်း ကွဲလွဲလျက်ရှိကြောင်း သိရပါသည်။ ဆွေးနွေးပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အပါအဝင် နိုင်ငံရေးပါတီပေါင်း ၁၇ ခုမှ ခေါင်းဆောင်များ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

[ngg src=”galleries” ids=”626″ display=”basic_thumbnail”]