သခင်​ဗဟိန်း နှစ်​တစ်​ရာပြည့်အထိမ်းအမှတ်​ အခမ်းအနားနှင့် အိုး​ဝေပညာဒါန​ကျောင်းဖွင့်​ပွဲ ကျင်းပ

ပါတီလှုပ်ရှားမှုများ

သခင်​ဗဟိန်းနှစ်​တစ်​ရာပြည့်အထိမ်းအမှတ်​ အခမ်းအနားနှင့် အိုး​ဝေပညာဒါန​ကျောင်းဖွင့်ပွဲကို ၂၀၁၇ ဇွန်​လ ၂၇ ရက်​​နေ့ နံနက်​ပိုင်းက ပဲခူးတိုင်း​ဒေသကြီး၊ ပြည်​မြို့၌ ကျင်းပပြုလုပ်​ခဲ့ပါသည်​။ အခမ်းအနားသို့ ဆရာကြီးသခင်​ကိုယ်​​တော်​မှိုင်းငြိမ်းချမ်း​ရေးကွန်​ရက်​၊ လူ့​ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီ အစရှိသည့် အဖွဲ့အစည်းများနှင့် နိုင်​ငံ​ရေးအကျဉ်းသား​ဟောင်းများ၊ သခင်​ဗဟိန်းကို ချစ်​ခင်​​လေးစားကြသူများ တက်​​ရောက်​ခဲ့ကြပါသည်​။ အခမ်းအနားတွင်  လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဗဟိုစည်းရုံးရေးကော်မတီဝင် ဦးအောင်မြင့်စိန်က ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ပါသည်။ သခင်ဗဟိန်းအမှတ်တရ ဂုဏ်ပြု​ကဗျာများကို ရွတ်​ဆိုပြီး ပေးပို့လာသော သဝဏ်လွှာများကိုလည်း ဖတ်ကြားခဲဲ့ကြပါသည်​။ ​​​​​​လူ့​ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီမှ ​ပေးပို့​သော သဝဏ်​လွှာကို ​ရွှေ​တောင်​မြို့နယ်​ဥက္ကဋ္ဌ ဦးမိုးမင်းဦးက ဖတ်​ကြားခဲ့ပါသည်​။

[ngg_images source=”galleries” container_ids=”224″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]