သခင်ဗဟိန်းရာပြည့်အခမ်းအနားကျင်းပရေး ကော်မတီအစည်းအဝေး ကျင်းပ

ပါတီလှုပ်ရှားမှုများ

သခင်ဗဟိန်းရာပြည့်အခမ်းအနားကျင်းပရေး ကော်မတီအစည်းအဝေးကို ၂၀၁၇၊ ဇွန်လ ၁၇ ရက် နေ့လည်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ ဗကသများအဖွဲ့ချုပ်၊ ၇၄-၇၅-၇၆ နိုင်ငံရေး အင်အားစု၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့၊ ကရင်အမျိုးသမီး အစည်းအရုံး၊ ကိုကိုးကျွန်းပြန် နိုင်ငံရေးအင်အားစု၊ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ညီညွတ်သော အမျိုးသားကွန်ဂရက် ပါတီ၊ MICS၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ အစရှိသည့်အဖွဲ့အစည်းများ အစည်းအဝေးတက်ရောက်ခဲ့ကြ ပါသည်။ အစည်းအဝေးတွင် ၂၀၁၇၊ ဇွန်လ ၂၇ ရက်နေ့တွင် ကျင်းပမည့် သင်ဗဟိန်းရာပြည့်အခမ်းအနား အစီအစဉ်များကို အသေးစိတ် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”220″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]