လွှတ်တော်နှင့် ဒီမိုကရေစီဆိုင်ရာ ဟောပြောဆွေးနွေးပွဲ

ပါတီလှုပ်ရှားမှုများ

ဗြိတိန်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ Rt Hon John Bercow သည် Park Royal Hotel ၌ ၇- ၁၀- ၁၆ ရက်နေ့က လွှတ်တော်နှင့်ဒီမိုကရေစီဆိုင်ရာ ဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။ ဒီမိုကရေစီနိုင်ငံများတွင် လွှတ်တော်၏ အခန်းကဏ္ဏနှင့် အရေးပါပုံ၊ အစိုးရအပေါ် ထိန်းကျောင်းတာဝန်ခံမှုရှိဖို့ လိုအပ်ပုံ စသည်တို့ကို ဟောပြောဆွေးနွေးပေးခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးနှင့် ဗဟိုဦးဆောင်ကော်မတီဝင် ဒေါ်နိုးနိုးထက်စံတို့ တက်ရောက်ခဲ့ကြပါသည်။