လူ့ဘောင်သစ်လူငယ် နှင့် မှိုင်း ငြိမ်းချမ်းရေးကွန်ရက် တို့ တွေ့ဆုံဆွေးနွေး

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်လူငယ်(YNS) ဗဟိုလုပ်ငန်းကော်မတီသစ်နှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် အဖွဲ့ဝင်များသည် ၁၃-၁-၁၇ ရက် နေ့လည်ပိုင်းမှ ညနေပိုင်းအထိ တောင်ဥက္ကလာပ စိတ်တိုင်းကျစားသောက်ဆိုင်၌ တွေ့ဆုံခဲ့ကြပါသည်။ တွေ့ဆုံပွဲတွင် လူ့ဘောင်သစ်လူငယ်များက စုဖွဲ့မှုအသစ်နှင့် လုပ်ငန်းစဉ်များ၊ လတ်တလော ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။ မှိုင်းငြိမ်းကွန်ရက် အဖွဲ့ဝင်များကလည်း ဆရာကြီး၏ သူမနာကိုယ်မနာ ငြိမ်းချမ်းရေးမူဝါဒကို ဆက်ခံပြီး ဆောင်ရွက်လုပ်ကိုင်နေသည့် အခြေအနေများ၊ အဖွဲ့ပေါင်း ၆၂ ဖွဲ့ စုပေါင်းထုတ်ပြန်ထားသည့် လက်ရှိငြိမ်းချမ်းရေးအပေါ် အမျိုးသားအင်အားစုများ၏ သဘောထားတို့ကို ပြန်လည်ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် လတ်တလော နိုင်ငံရေး၊ ငြိမ်းချမ်းရေးအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။