လူ့ဘောင်သစ်လူငယ်နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွေ့ဆုံဆွေးနွေး

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်လူငယ် ဒုတိယအကြိမ် စုံညီအစည်းအဝေးက ရွေးချယ်တာဝန်ပေးအပ်လိုက်သည့် ဗဟိုစည်းရုံးရေးကော်မတီသစ်နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ၁၁-၁-၁၇ ရက်နေ့ နံနက်ပိုင်းမှ နေ့လည်ပိုင်းအထိ DPNS ဌာနချုပ်ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ ပါတီ၏ သဘောထားနှင့် ရပ်တည်ချက်များကို ပါတီအထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် ဗဟိုစည်းရုံးရေးကော်မတီဝင်များက ရှင်းလင်းတင်ပြခဲ့ကြပါသည်။ လူ့ဘောင်သစ်လူငယ်၏ ခေါင်းဆောင်မှုအသစ်၊ မူဝါဒများနှင့် လုပ်ငန်းစဉ်များကို YNS ဥက္ကဋ္ဌ ကိုရဲအောင်အေး၊ အတွင်းရေးမှူး မအိသဉ္ဇာမောင်၊ တွဲဘက်အတွင်းရေးမှူး ကိုပြည့်ဘုန်းပိုင်နှင့် ကော်မတီဝင်များက ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် လတ်တလောဆောင်ရွက်ရန်ကိစ္စများကို အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။