လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေး

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၁- ၈- ၂၀၁၆ နေ့တွင် ရန်ကုန်မြို့၊ ဆိပ်ကမ်းသာလမ်းရှိ ပါတီဌာနချုပ်ရုံးခန်း၌ ပြုလုပ်ခဲ့ရာ သက်ဆိုင်ရာကိစ္စရပ်များအလိုက် ကျွမ်းကျင်သည့် ဗဟိုစည်းရုံးရေး ကော်မတီဝင်အချို့ကိုပါ ဖိတ်ကြား၍ ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁ ရာစုပင်လုံ)နှင့် ပတ်သက်သည့် သဘောထား၊ ရွေးကောက်ပွဲအနိုင်မရပါတီ ၇၀ အပေါ်ထားသည့် NRPC ၏ စဉ်းစားဆောင်ရွက်နေမှုအပေါ် သဘောထား၊ ၂၀၁၆ ခုနှစ် ပါတီလုပ်ငန်းစဉ်များအတွက် အချိန်ဇယားနှင့် တာဝန်ယူ ဖေါ်ဆောင်ကြမည့် ရဲဘော်များကို သတ်မှတ်တာဝန်ပေးခြင်း၊ စည်းရုံးရေးကော်မတီများ ကျစ်လျစ်ခိုင်မာရေး၊ အမျိုးသမီးများ အလုပ်အဖွဲ့ ဖော်ဆောင်ရေး၊  ပါတီစည်းရုံးရေးစာစဉ် ထုတ်ဝေဖြန့်ချိမှု စသည့်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။