လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဒေါ်နိုးနိုးထက်စံ တို့၏ ဆွီဒင်နိုင်ငံခရီးစဉ်

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဒေါ်နိုးနိုးထက်စံ တို့သည် ဆွီဒင်နိုင်ငံသို့ ၂၀၁၆၊ စက်တင်ဘာလ စတုတ္ထပတ်တွင် သွားရောက်ခဲ့ကြပါသည်။ ၂၉- ၉- ၁၆ ရက်နေ့တွင် Swedish Social Democratic Party ၏ အထွေထွေအတွင်းရေးမှူး Lena Rådström Baastad နှင့်လည်းကောင်း၊ Swedish Social Democratic Youth League (SSU) ဥက္ကဋ္ဌ Philip Bodström ၊ အထွေထွေအတွင်းရေးမှူး Andrea Törnestam ၊ အပြည်ပြည်ဆိုင်ရာ အတွင်းရေးမှူး Rebecca Abrahamsson တို့နှင့်လည်းကောင်း လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။
၃၀- ၁၀- ၁၆ ရက်နေ့တွင် စတော့ဟုမ်းမြို့တော်ခန်းမသို့ သွားရောက်၍ ဆိုရှယ်ဒီမိုကရက်ပါတီ၏ နိုင်ငံရေးအကြံပေး Oscar Lavelid နှင့်လည်းကောင်း၊ စတော့ဟုမ်း ဒုတိယမြို့တော်ဝန် Johan Sjölander ၊ အလုပ်သမားသမဂ္ဂ အတွင်းရေးမှူး Anders Jonsson ၊ လူထုဆက်ဆံရေးဌာန တာဝန်ခံ Maria Östberg Svanelind နှင့်လည်းကောင်း တွေ့ဆုံ၍ မြန်မာ့နိုင်ငံရေးအခြေအနေများ၊ ဆွီဒင်အလုပ်သမားသမဂ္ဂများ၏ အခြေအနေများကို အပြန်အလှန် လေ့လာဆွေးနွေးခဲ့ကြပါသည်။