????????????????????????????????????

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း ၂၈ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် “စစ်မှန်သောငြိမ်းချမ်းရေး” ခေါင်းစဉ်ဖြင့် နိုင်ငံရေးစကားဝိုင်းကို ၁၄-၁၀-၁၆ ရက်နေ့က ရန်ကုန်မြို့ ရှရီရာမခရစ်ရှနခန်းမတွင် ကျင်းပပြုလုပ်

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း ၂၈ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် “စစ်မှန်သောငြိမ်းချမ်းရေး” ခေါင်းစဉ်ဖြင့် နိုင်ငံရေးစကားဝိုင်းကို ၁၄- ၁၀- ၁၆ ရက်နေ့က ရန်ကုန်မြို့ ရှရီရာမခရစ်ရှနခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါ သည်။ ဆွေးနွေးပွဲတွင် ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်က အဖွင့်အမှာစကား ပြောကြားပေးပြီး ပါတီ၏ ထုတ်ပြန်ကြေညာချက်ကို ပါတီအတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးက ဖတ်ကြားပေးခဲ့ပါသည်။ နိုင်ငံရေးစကားဝိုင်းကို ပါတီမှ ဖိတ်ကြားထားသူများဖြစ်သည့် ဦးစိုင်းညွန့်လွင် (ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးကျော်စိုး (ကိုကိုးကျွန်းပြန် နိုင်ငံရေးအင်အားစု)၊ ဦးထွန်းဝင်းငြိမ်း (ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်)နှင့် ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးလေ့လာသုံးသပ်သူ)တို့က ငြိမ်းချမ်းရေးအစစ်အမှန်ရရှိရန် ဆောင်ရွက်သင့်သည့် ကိစ္စများနှင့်ပတ်သက်၍ ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။ တက်ရောက်လာသူများကလည်း ၎င်းတို့၏ အမြင်သဘောထားများကို ဝင်ရောက်ဆွေးနွေးခြင်း၊ ပိုမိုရှင်းလင်းပေးစေချင်သည့်အချက်များကို မေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။ ဆွေးနွေးပွဲရရှိချက်များအပေါ်  နိဂုံးချုပ်ချက်နှင့် ကျေးဇူးတင်စကားကို ပါတီအထွေထွေ အတွင်းရေးမှူး ဦးငွေလင်းက ပြောကြားပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ ပါတီဝင်များ၊ ပါတီလူငယ်များ၊ နိုင်ငံရေးအင်အားစုများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။