လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေး (၁/၂၀၁၇) ပထမနေ့

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေး (၁/၂၀၁၇) ပထမနေ့ကို ၁၉-၃-၁၇ ရက်နေ့တွင် ပါတီဌာနချုပ်ရုံး၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အဖွင့်စကား ပြောကြားပြီးနောက် အတွင်းရေးမှူးအဖွဲ့က နိုင်ငံရေးအခြေအနေသုံးသပ်ချက်နှင့် လုပ်ငန်းအစီရင်ခံစာကို တင်သွင်းခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော ဗဟိုစည်းရုံးရေးကော်မတီဝင်များက မိမိတို့၏ ဒေသဆိုင်ရာအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြပါသည်။