လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီအစည်းအဝေး (၁/၂၀၁၇) တတိယနေ့

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီအစည်းအဝေး (၁/၂၀၁၇) တတိယနေ့ကို ၂၁-၃-၁၇ ရက်နေ့က ပါတီဌာနချုပ်ရုံးတွင် ဆက်လက်ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ယခုနှစ်(၂၀၁၇)အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးအတည်ပြု၍ လုပ်ငန်းတာဝန်များ ခွဲဝေခဲ့ပါသည်။ ထို့နောက် ပါတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။