လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေး(၁/၂၀၁၈)

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေး(၁/၂၀၁၈)ကို ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံး၌ ၂၀၁၈ မေလ ၁၉ ရက်နေ့တွင် စတင်ကျင်းပခဲ့ပါသည်။ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အစည်းအဝေးအဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကာလ နိုင်ငံရေးအကြပ်အတည်းများကို ကျော်ဖြတ်နိုင်ဖို့ လိုအပ်ကြောင်း၊ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် တိုင်းပြည်ရှေ့ရောက်အောင် ဆက်တွန်းဖို့ အရေးကြီးသည့်ကာလဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဗဟိုဦးဆောင်ကော်မတီ၏ နိုင်ငံရေးအစီရင်ခံစာ၊ လုပ်ငန်းအစီရင်ခံစာ၊ ၂၀၁၈ ခုနှစ်အတွင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေး အတည်ပြုခဲ့ကြပါသည်။ ဗဟိုစည်းရုံးရေးကော်မတီဝင်များကလည်း ဒေသဆိုင်ရာကိစ္စရပ်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”411″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]