လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ စုံညီအစည်းအဝေး ပြင်ဦးလွင်မြို့တွင် ကျင်းပ

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာစုံညီအစည်းအဝေးကို ၂၀၁၈၊ ဒီဇင်ဘာလ၊ ၁၉ ရက်မှ ၂၁ ရက်နေ့ထိ ပြင်ဦးလွင်မြို့၊ အာရှအလင်းရောင်ဖောင်ဒေးရှင်းခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေး ပထမနေ့တွင် ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်က အဖွင့်စကားပြောကြားခြင်း၊ ဗဟိုစည်းရုံးရေးကော်မတီ၏ နိုင်ငံရေးအစီရင်ခံစာကို တင်သွင်းခြင်း၊ ဗဟိုစည်းရုံးရေးကော်မတီ၏ လုပ်ငန်းအစီရင်ခံစာတင်သွင်းခြင်း၊ ဘဏ္ဍာရေးအစီရင်ခံစာ တင်သွင်းခြင်း၊ အမျိုးသမီးလုပ်ငန်းကော်မတီအစီရင်ခံစာ တင်သွင်းခြင်း၊ လူ့ဘောင်သစ်လူငယ်အစီရင်ခံစာတို့ကို တင်သွင်းခဲ့ကြပြီး ကိုယ်စားလှယ်များက အစီရင်ခံစာများအပေါ် ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပါသည်။

အစည်းအဝေး ဒုတိယနေ့တွင် ဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေး (၂/၂၀၁၈)က သုံးသပ်တင်ပြသော ပါတီဖွဲ့စည်းပုံစည်းမျဉ်းနှင့် မူဝါဒများကို တင်ပြဆွေးနွေး၍ အတည်ပြုခဲ့ကြပါသည်။ စုံညီအစည်းအဝေး လုပ်ထုံးလုပ်နည်းများကို ဝိုင်းဝန်းဆွေးနွေး အတည်ပြုပြီးနောက် အဖွဲ့ဝင် ၅ ဦးပါဝင်သည့် ရွေးချယ်တင်မြှောက်ရေးကော်မရှင်ဖွဲ့စည်းကာ ဗဟိုကော်မတီအသစ်ကို ရွေးချယ်တင်မြှောက်ခဲ့ကြပါသည်။

အစည်းအဝေး အစည်းအဝေးတွင် ရွေးချယ်တင်မြှောက်ခံ ဗဟိုကော်မတီအစည်းအဝေး ၁/၂၀၁၈ ၏ ရရှိချက်များ၊ ဆုံးဖြတ်ချက်များကို အတည်ပြုခဲ့ကြပါသည်။ ထို့နောက် ဗဟိုကော်မတီဝင်များက ပါတီ၏ သစ္စာဓိဋ္ဌာန် ၅ ချက်ကို ရွတ်ဆို၍ အဓိဋ္ဌာန်ပြုခဲ့ကြပါသည်။ နိုင်ငံရေးဦးတည်ချက် ၅ ရပ်၊ လတ်တလောလုပ်ငန်းစဉ်ကြီး ၃ ရပ် အပါအဝင် ပါတီ၏ အခြေခံမူဝါဒများနှင့် စုံညီအစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်တို့ကို သဘာပတိများ၏ ခွင့်ပြုချက်ဖြင့် အတည်ပြုပြီးနောက် အစည်းအဝေး အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

[ngg src=”galleries” ids=”545″ display=”basic_thumbnail”]