DPNS ဗဟိုကော်မတီ အစည်းအဝေး၃၀ – ၃၁၊ဒီဇင်ဘာ၊၂၀၂၀။ ရန်ကုန်
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးကို ၂၀၂၀၊ ဒီဇင်ဘာလ ၃၀ နှင့် ၃၁ ရက်နေ့တို့တွင် ပါတီဌာနချုပ်ရုံး၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေး ပထမနေ့တွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အဖွင့်အမှာစကား ပြောကြားရာ၌ ပါတီတည်ဆောက်ရေးကို ပိုမိုအားစိုက် ဆောင်ရွက်ကြရန်နှင့် လက်ရှိနိုင်ငံရေးအခြေအနေတို့ကို သုံးသပ်ပြောကြားခဲ့သည်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ နိုင်ငံရေးအစီရင်ခံစာ၊ အတွင်းရေးမှူးအဖွဲ့၏ အလုပ်ပြီးစီးမှု အစီရင်ခံစာ၊ ၂၀၂၀ ရွေးကောက်ပွဲဖြတ်သန်းမှုဆိုင်ရာ ခြုံငုံသုံးသပ်ချက်၊ ရေးရာကော်မတီများနှင့် ဒေသဆိုင်ရာကော်မတီများ အစရှိသည့် ကော်မတီအသီးသီး၏ အစီရင်ခံစာများကို တင်သွင်းခဲ့ကြသည်။ ဗဟိုကော်မတီဝင်များက အစီရင်ခံစာများကို ဝေဖန်သုံးသပ် အကြံပြုဆွေးနွေးခဲ့ကြပါသည်။အစည်းအဝေး ဒုတိယနေ့တွင် ၂၀၂၁ အတွင်း ဆက်လက်လုပ်ဆောင်ရမည့် အလုပ်တာဝန်များကို ခွဲဝေခဲ့ကြသည်။ အစည်းအဝေး နိဂုံးချုပ်နှုတ်ဆက်စကားကို ပါတီဒုတိယဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံက ပြောကြားပေးခဲ့ပါသည်။