လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(ပထမနေ့)ကို ဖေဖော်ဝါရီလ ၁၉ နှင့် ၂၀ ရက်နေ့များတွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ရာ ဖက်ဒရယ်စနစ် Training Team က ဦးဆောင်ဆွေးနွေးသူများအဖြစ် ကူညီခဲ့ကြပါသည်။ ဖက်ဒရယ်စနစ်နှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၊ ဖက်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေများ၊ မတူကွဲပြားမှုများအပေါ် စီမံခန့်ခွဲခြင်း၊ လုပ်ပိုင်ခွင့်အာဏာများ ခွဲဝေခြင်း၊ ဒေသန္တရအစိုးရများ၏ အရေးပါမှု၊ ဘဏ္ဍာငွေကြေးနှင့် သယံဇာတများ စီမံခန့်ခွဲမှု စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ ပါတီခေါင်းဆောင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

[ngg src=”galleries” ids=”513″ display=”basic_thumbnail”]