လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နှင့် လူ့ဘောင်သစ်လူငယ်တို့၏ အစည်းအဝေးပြုလုပ်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နှင့် လူ့ဘောင်သစ်လူငယ်တို့၏ အစည်းအဝေးကို ၂၀၁၉၊ ဖေဖော်ဝါရီ၊ ၂၁ ရက် နေ့လည်ပိုင်းတွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လူ့ဘောင်သစ်လူငယ်၏ ဆောင်ရွက်ထားရှိမှုများကို YNS အတွင်းရေးမှူး ကိုမျိုးစော့နှင့် ဥက္ကဋ္ဌ မအိသဉ္ဇာမောင်တို့က တင်ပြခဲ့ကြပြီး DPNS ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များက ဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ကြပါသည်။ YNS ဗဟိုလုပ်ငန်းကော်မတီဝင်များနှင့် DPNS ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ အစည်းအဝေး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

[ngg src=”galleries” ids=”510″ display=”basic_thumbnail”]