လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပွင့်ဖြူမြို့နယ် ရုံးခန်းဖွင့်လှစ်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပွင့်ဖြူမြို့နယ် ရုံးခန်းဖွင့်ပွဲကို ၂၀၁၉၊ မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေး၊ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးငွေလင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ကိုသူအောင်၊ ဗဟိုကော်မတီဝင် ဦးအောင်နိုင်ဦး၊ မင်းဘူးခရိုင်စည်းရုံးရေးတာဝန်ခံ ဦးသန့်စင်၊ ပွင့်ဖြူမြို့နယ်ကော်မတီအတွင်းရေးမှူး ဦးဟန်သိန်းတို့က ပါတီဖြတ်သန်းမှုသမိုင်းကြောင်း၊ ရပ်တည်ချက်၊ ရှေ့လုပ်ငန်းစဉ်များ၊ လက်ရှိနိုင်ငံရေးအခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ရုံးခန်းဖွင့်ပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်များ၊ မဟာမိတ်အင်အားစုများ၊ ပွင့်ဖြူမြို့နယ် ဒေသခံများ တက်ရောက်ခဲ့ကြပါသည်။

[ngg src=”galleries” ids=”548″ display=”basic_thumbnail”]