လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စည်းရုံးရေးမှူးသင်တန်း(၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားပြုလုပ်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ


၂၀၁၉၊ ဇွန်၊ ၃၀။ ရန်ကုန်မြို့။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စည်းရုံးရေးမှူးသင်တန်း (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉၊ ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ ကိုကိုကျွန်းပြန်နိုင်ငံရေးရဲဘော်များ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့၊ မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂ၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ မြန်မာနိုင်ငံကျောင်းသားလူငယ်များ ကွန်ဂရက် အစရှိသည့် မိတ်ဖက်နိုင်ငံရေးအင်အားစုများမှ ခေါင်းဆောင်များ၊ သင်တန်းသားရဲဘော်များ၊ ပါတီဗဟိုကော်မတီဝင်များ၊ လူ့ဘောင်သစ်လူငယ်များ တက်ရောက်ခဲ့ကြပါသည်။ ဖွင့်ပွဲတွင် ပါတီဒုတိယဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပါတီအထွေထွေအတွင်းရေးမှူး ဦးသီဟထွဋ်ခင်က သင်တန်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် မိတ်ဆွေနိုင်ငံရေးအင်အားစုများမှ ခေါင်းဆောင်များက ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပြီး ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ DPNS ဒေသပါတီကော်မတီအသီးသီးမှ ရဲဘော်စုစုပေါင်း ၁၆ ဦး သင်တန်းတက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ တလ ကြာမြင့်မည်ဖြစ်ပါသည်။

[ngg src=”galleries” ids=”621″ display=”basic_thumbnail”]