လူမှုဖူလုံရေးမူဝါဒ ဖော်ဆောင်ရေးဆွေးနွေးပွဲ ပြုလုပ်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

နိုဝင်ဘာ ၄၊ ၂၀၁၉။ တောင်ကြီး။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့ ပူးပေါင်းစီစဉ်သည့် လူမှုဖူလုံရေး မူဝါဒဖော်ဆောင်ရေးဆွေးနွေးပွဲကို နိုဝင်ဘာ ၄ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံနှင့် SNLD ခေါင်းဆောင်များ၊ ရှမ်းပြည်နယ်အခြေစိုက် လူထုအခြေပြုအရပ်ဖက်အဖွဲ့အစည်း နှစ်ဆယ်ခန့်မှ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ဒိန်းမတ်ဆိုရှယ်ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်များကလည်း ဒိန်းမတ်နိုင်ငံ၏ ကျန်းမာရေးဆိုင်ရာအခြေအနေများနှင့် အတွေ့အကြုံများကို မျှဝေခဲ့ကြသည်။ ဆွေးနွေးပွဲတက်ရောက်လာသူများက မိခင်နှင့်ကလေး ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြပြီး လူမှုဖူလုံရေးမူဝါဒတရပ်ပေါ်ပေါက်ရေးအတွက် အကြံပြုဆွေးနွေးခဲ့ကြပါသည်။

[ngg src=”galleries” ids=”722″ display=”basic_thumbnail”]