လူမှုဖူလုံရေးစနစ် ပြန်လည်မွေးဖွားခြင်း ကျန်းမာရေးစောင့်ရှောက်မှုစနစ်နှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

ပါတီလှုပ်ရှားမှုများ

“မြန်မာနိုင်ငံတွင် လူမှုဖူလုံရေးစနစ် ပြန်လည်မွေးဖွားခြင်း… ကျန်းမာရေးစောင့်ရှောက်မှုစနစ်” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉၊ မတ်လ ၁၃ ရက်နေ့ နံနက် ၉းဝ၀ မှ ၅းဝ၀ အထိ နေပြည်တော်ရှိ MATA နေပြည်တော်စင်တာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော အားလုံးပါဝင်သည့်မူဝါဒ ရေးဆွဲရေး ( Inclusive Policy Formulation) လုပ်ငန်းစဉ်အရ လူမှုဖူလုံရေးကဏ္ဍ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ မူဝါဒပေါ်ပေါက်ရန် ရည်ရွယ်၍ ဆွေးနွေးပွဲပြုလုပ်ခြင်း ဖြစ်ပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နန်ထွေးမှုံတို့က အဖွင့်အမှာစကားပြော ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် Community Partners International အမှုဆောင်ဒါရိုက်တာ ဒေါက်တာ စည်သူရ နှင့် Save the Children မူဝါဒရေးရာ အကြံပေး ဒေါက်တာအောင်မြင့်ဦးတို့က တိုင်းပြည်၏ လက်ရှိကျန်းမာရေးအခြေအနေအရပ်ရပ်၊ လူတိုင်းလက်လှမ်းမီနိုင်သည့် ကျန်းမာရေးလွှမ်းခြုံမှု၊ အမျိုးသားကျန်းမာရေးမူဝါဒ လုပ်ငန်းစဉ်တို့နှင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်သင့်သည်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

[ngg src=”galleries” ids=”547″ display=”basic_thumbnail”]