လူမှုတရားမျှတမှုဆိုင်ရာ မူဝါဒအကြံပြုချက်များ ဆွေးနွေးပွဲ

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

နိုဝင်ဘာ ၅၊ ၂၀၁၉။ ရန်ကုန်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က စီစဉ်ပြုလုပ်သော လူမှုတရားမျှတမှုဆိုင်ရာ မူဝါဒအကြံပြုဆွေးနွေးပွဲကို နိုဝင်ဘာ ၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ PARKROYAL ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဦးအောင်သူငြိမ်း(ISP-Myanmar)၊ ဦးဘိုကြည်(AAPP)၊ ဒေါက်တာစစ်နိုင်(Marie Stopes International)နှင့် ဒေါက်တာဆုမွန်သဇင်အောင်(ISP- Myanmar)တို့က လူမှုတရားမျှတမှုဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာကြသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်များက ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးသီဟနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းတို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
ယခု ဆွေးနွေးပွဲမှရရှိချက်များကို အခြေခံ၍ ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအဆင့် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများအား ဖိတ်ကြား၍ နေပြည်တော်၌ ဆွေးနွေးပွဲတရပ် ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

ဓာတ်ပုံ – ISP facebook page

[ngg src=”galleries” ids=”720″ display=”basic_thumbnail”]