“လူငယ်နှင့် အနာဂတ်ပညာရေးအိပ်မက်” နိုင်ငံရေးစကားဝိုင်း

ပါတီလှုပ်ရှားမှုများ

Renaissance Reserach Library က စီစဉ်သည့် မျက်မှောက်ခေတ် နိုင်ငံရေးစကားဝိုင်း (Current Political Dialogue) “လူငယ်နှင့် အနာဂတ်ပညာရေးအိပ်မက်” စကားဝိုင်းကို ၁၇-၃-၁၇ နေ့လည် ၁:ဝ၀ နာရီမှ ညနေ ၄:ဝ၀ နာရီအထိ ပြုလုပ်ခဲ့ပါသည်။ စကားဝိုင်းကို မရွှေရည်စိုးလင်း (ဗကသများအဖွဲ့ချုပ်)၊ မအိသဉ္ဇာမောင် (လူ့ဘောင်သစ်လူငယ်)၊ ကိုဇေလင်းမွန် (National Youth Congress)၊
ကိုဟန်စော (ရန်ကုန်ဆေးတက္ကသိုလ် ၂ ကျောင်းသား)တို့က ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။ လက်ရှိမြန်မာ့ပညာရေးစနစ်နှင့် အမျိုးသားပညာရေးဥပဒေ၏ လိုအပ်ချက်များ၊ မှားယွင်းလွဲချော်နေမှုများ၊ ပြုပြင်ပြောင်းလဲသင့်သည့်အချက်များ၊ အလွတ်ကျက်ဖြေစနစ်တို့ကို ဝေဖန်ထောက်ပြဆွေးနွေးခဲ့ကြပါသည်။ အနာဂတ်ပညာရေးတွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေး၊ ဒီမိုကရေစီဖက်ဒရယ်ပညာရေးစနစ်ကို ဖော်ဆောင်နိုင်ရေး၊ အရည်အချင်းပြည့်ဝသည့် ဆရာ ဆရာမများ၏ သင်ကြားပေးမှုဖြင့် ကျောင်းနေပျော်၍ ပညာတော်သည့်ကလေးများဖြစ်လာရန်အတွက် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရေး၊ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ မိခင်ဘာသာစကားဖြင့် သင်ကြားခွင့်ရရေး၊ သင်ရိုးညွှန်းတမ်း လွတ်လပ်ခွင့်၊ ရေရှည်တည်တံ့ဖွံ့ဖြိုးပြီး လူသားဝါဒကို အခြေခံသည့် ပညာရေးစနစ်ဖြစ်ပေါ်လာရေး စသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ဗကသများအဖွဲ့ချုပ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ စိတ်ပါဝင်စားသူများနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြပါသည်။