လယ်သမားများ၊ လယ်သမားအရေးဆောင်ရွက်သူများ DPNS ဌာနချုပ်ရုံးသို့ လာရောက်လေ့လာ

ပါတီလှုပ်ရှားမှုများ

မန္တလေးတိုင်းနှင့် ပဲခူးတိုင်းအတွင်းမှ လယ်သမားများနှင့် လယ်သမားအရေးဆောင်ရွက်သူများသည် ၂- ၈- ၁၆ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၊ ဆိပ်ကမ်းသာလမ်းရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံးသို့ လာရောက်လေ့လာခဲ့ကြ ရာ ပါတီအတွင်းရေးမှူး(၁) ဦးသီဟထွဋ်ခင်က ပါတီသမိုင်းကြောင်းကို၎င်း၊ မရွှေရည်လင်းထင်က လူ့ဘောင်သစ်လူငယ် (YNS)အကြောင်းကို၎င်း မိတ်ဆက်ရှင်းပြခဲ့ပါသည်။ ထို့နောက် လယ်သမားအရေးဆောင်ရွက်နေသူများက ၎င်းတို့ လက်ရှိဆောင်ရွက်နေသော အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ရာ ပါတီတာဝန်ရှိသူများက ပြန်လည်အကြံပြု ဆွေးနွေးခဲ့ကြ ပါသည်။