လပွတ္တာတွင် ဖက်ဒရယ်ဆွေးနွေးပွဲ ပြုလုပ်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ နိုဝင်ဘာ ၁၃-၁၄။ လပွတ္တာ။

လပွတ္တာမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ဖက်ဒရယ်သင်တန်းအဖွဲ့တို့ ပူးပေါင်းစီစဉ်သည့် ဖက်ဒရယ်ဆိုင်ရာဆွေးနွေးပွဲကို လပွတ္တာမြို့နယ်၌ နိုဝင်ဘာ ၁၃ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲအဖွင့်စကားကို DPNS လပွတ္တာမြို့နယ်ကိုယ်စား ဦးအောင်မိုးဝင်းက ပြောကြားခဲ့ပြီးနောက် ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် လက်ရှိနိင်ငံရေးအခြေအနေ အခင်းအကျင်းကို ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းက ပြောကြားခဲ့ပါသည်။
ထို့နောက် ဖက်ဒရယ်သင်တန်းဆရာများက ဖက်ဒရယ်ဆိုင်ရာသဘောတရားများကို ရှင်းလင်းဆွေးနွေးပေးခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်များ လူထုအခြေပြုအရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီဝင်များ ဖက်ဒရယ်အရေး စိတ်ပါဝင်စားသူများနှင့် ဖိတ်ကြားထားသူများ ဆွေးနွေးပွဲတက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၃ နှင့် ၁၄ နှစ်ရက်တာ ပြုလုပ်ကျင်းပသွားမည် ဖြစ်ပါသည်။

[ngg src=”galleries” ids=”728″ display=”basic_thumbnail”]