လက်ရှိနိုင်ငံရေးအခြေအနေဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ(ဒုတိယအကြိမ်) ဒုတိယနေ့

ပါတီလှုပ်ရှားမှုများ

[ngg_images source=”galleries” container_ids=”312″ exclusions=”353″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ကိုကိုးကျွန်းပြန် နိုင်ငံရေးအင်အားစု၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး၊ လူ့ဘောင်သစ်လူငယ်၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့၊ ၇၄ အလုပ်သမားဟောင်းကြီးများ၊ နိုင်ငံရေးလေ့လာသုံးသပ်သူများ၊ ပညာရှင်များ၊ တသီးပုဂ္ဂလနိုင်ငံရေးသမားများက စီစဉ်ကျင်းပသည့် ဒုတိယအကြိမ်မြောက် လက်ရှိနိုင်ငံရေးအခြေအနေဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံး၌ ၂၀၁၇၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ဒုတိယနေ့အဖြစ် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲဝင် ကယန်းအမျိုးသားပါတီ၊ ကယန်းပြည်သစ်ပါတီ၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ ကလလတ (လူငယ်)၊ ကိုကိုးကျွန်းပြန်နိုင်ငံရေးအင်အားစု၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး၊ လူ့ဘောင်သစ်လူငယ်၊ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်(SYCB)၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့၊ ကရင်အမျိုးသမီးအစည်းအရုံး၊ စစ်မှန်သောပြည်သူ့ကျေးကျွန်အဖွဲ့(GPS)၊ လယ်သမားအရေး တက်ကြွလှုပ်ရှားသူများအဖွဲ့(AGFA)၊ ရေနံအလုပ်သမားသမဂ္ဂ (မကွေးတိုင်း)၊ ၇၄ အလုပ်သမားဟောင်းကြီးများ၊ ၈၈၈၈ ငွေရတုဆုံးဖြတ်ချက် အကောင်အထည်ဖော်ဆောင်ရေးကော်မတီ (မန္တလေး)၊ နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက် (အထက်မြန်မာပြည်)၊ လပွတ္တာ ပန်းတနော်မြို့နယ် တောင်သူလယ်သမားအင်အားစုများ၊ ဧရာဝတီတိုင်း တောင်သူလယ်သမားသမဂ္ဂ၊ ၉၆-၉၈ ကျောင်းသားများ၊ ဉာဏ်လင်းသစ်သုတေသနစာကြည့်တိုက်၊ နိုင်ငံရေးလေ့လာသုံးသပ်သူများ၊ တသီးပုဂ္ဂလနိုင်ငံရေးသမားများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲတွင် ယခင်နေ့ ရရှိချက်များအပေါ် အခြေခံ၍ လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် လိုအပ်မည့် စုဖွဲ့မှုပုံသဏ္ဍာန်ကို ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။ ထို့နောက် ကြေညာချက်တစောင်ကို ထုတ်ပြန်ပြီး ညနေ ၄းဝ၀ နာရီတွင် သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်ခဲ့ပါသည်။

[ngg_images source=”galleries” container_ids=”311″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]