လက်ရှိနိုင်ငံရေးအခြေအနေဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ(ဒုတိယအကြိမ်) ပထမနေ့

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ကိုကိုးကျွန်းပြန် နိုင်ငံရေးအင်အားစု၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး၊ လူ့ဘောင်သစ်လူငယ်၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့၊ ၇၄ အလုပ်သမားဟောင်းကြီးများ၊ နိုင်ငံရေးလေ့လာသုံးသပ်သူများ၊ ပညာရှင်များ၊ တသီးပုဂ္ဂလနိုင်ငံရေးသမားများက စီစဉ်ကျင်းပသည့် ဒုတိယအကြိမ်မြောက် လက်ရှိနိုင်ငံရေးအခြေအနေဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံးတွင် ၂၀၁၇၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပထမနေ့အဖြစ် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ကယန်းအမျိုးသားပါတီ၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ ကိုကိုးကျွန်းပြန်နိုင်ငံရေးအင်အားစု၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး၊ လူ့ဘောင်သစ်လူငယ်၊ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်(SYCB)၊ ကလလတ (လူငယ်)၊ ကယန်းပြည်သစ်ပါတီ (လူငယ်)၊ မြန်မာနိုင်ငံ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကျောင်းသားများကွန်ရက်၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့၊ ကရင်အမျိုးသမီးအစည်းအရုံး၊ စစ်မှန်သောပြည်သူ့ကျေးကျွန်အဖွဲ့(GPS) AGFA၊ ရေနံအလုပ်သမားသမဂ္ဂ (မကွေးတိုင်း)၊ ၇၄ အလုပ်သမားဟောင်းကြီးများ၊ ၈၈၈၈ ငွေရတုဆုံးဖြတ်ချက် အကောင်အထည်ဖော်ရေးကော်မတီ (မန္တလေး)၊ နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက် (အထက်မြန်မာပြည်)၊ ပန်းတနော်မြို့နယ် တောင်သူလယ်သမားအင်အားစု၊ ဧရာဝတီတိုင်း တောင်သူလယ်သမားသမဂ္ဂ၊ နိုင်ငံရေးလေ့လာသုံးသပ်သူများ၊ တသီးပုဂ္ဂလနိုင်ငံရေးသမားများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲတွင် ပြည်သူ့တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးလှရွှေက အဖွင့်အမှာစကား ပြောကြားပေးခဲ့ပါသည်။ ဆွေးနွေးပွဲပေါ်ပေါက်လာပုံကို DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကလည်းကောင်း၊ ပထမအကြိမ်ဆွေးနွေးပွဲရလဒ်များကို မှိုင်းငြိမ်းကွန်ရက်မှ ဦးထွန်းဝင်းငြိမ်းကလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ဒုတိယအကြိမ်ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက ရရှိချက်များအပေါ် ပြန်လည်ဆွေးနွေး အကြံပြုခဲ့ကြပါသည်။ ထို့နောက် ထပ်မံဆွေးနွေးရရှိချက်များကို စုစည်းအတည်ပြုခဲ့ပြီး ပူးပေါင်းဆောင်ရွက်နိုင်ခြေရှိသည့် လုပ်ငန်းများအား ရှာဖွေစုစည်းခဲ့ကြပါသည်။ ဆွေးနွေးပွဲအပိတ်အမှာစကားကို SNLD အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားပြီးနောက် ပထမနေ့ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့ပါသည်။

[ngg_images source=”galleries” container_ids=”310″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]