ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်ခြင်း ၂၉ နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်ခြင်း ၂၉ နှစ်ပြည့်အခမ်းအနားကို ၂၀၁၇ အောက်တိုဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက ကိုးမိုင် အောင်မြေဘုံသာရှမ်းကျောင်း ၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် UNA အဖွဲ့ဝင်ပါတီများ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့ အစရှိသည့် နိုင်ငံရေးပါတီများ အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ အခမ်းအနားတက်ရောက်ခဲ့ကြပြီး သဝဏ်လွှာများလည်း ပေးပို့ခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”272″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]