ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ၂၉ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား (ပြည်မြို့)

ပါတီလှုပ်ရှားမှုများ

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ၂၉ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ပြည်မြို့အိုးဝေပညာဒါနကျောင်း၌ ၈-၈-၂၀၁၇ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်(ပြည်ခရိုင်) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗကသများအဖွဲ့ချုပ်နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တို့ ပူးပေါင်းကျင်းပကြခြင်းဖြစ်သည်။ အခမ်းအနားတက်ရောက်လာသူများက အမှတ်တရစကား ပြောကြားခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဗဟိုစည်းရုံးရေးကော်မတီဝင် ဦးအောင်မြင့်စိန်ကလည်း ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ပါသည်။ ပါတီဌာနချုပ်မှပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာကိုလည်း ဖတ်ကြားခဲ့ပါသည်။

[ngg_images source=”galleries” container_ids=”244″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]