ရွှေတောင်မြို့နယ်ရုံးဖွင့်ခြင်း (၂)နှစ်ပြည့်နှင့် ၇ ဇူလိုင်အခမ်းအနားကို ရွှေတောင်မြို့တွင် ကျင်းပ

ပါတီလှုပ်ရှားမှုများ

၇၊ ၇၊ ၂၀၁၇ ရက်​​နေ့တွင်​ ကျ​ရောက်​သည့် ၅၅ နှစ်​​မြောက်​ ၇-ဇူလိုင်​ အခမ်းအနားကို လူ့​ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီ ​ရွှေ​တောင်​မြို့နယ်​ ရုံး၌ ကျင်းပခဲ့ပါသည်​။ မြို့နယ်​ရုံးဖွင့်လှစ်​ခြင်း ၂ နှစ်​ပြည့်အခမ်းအနားကိုပါ ပူးတွဲကျင်းပခဲ့ခြင်းဖြစ်​​​သည်​။ ပြည်​ခရိုင်​မှိုင်းငြိမ်းကွန်​ရက်​၊ ဗကသများအဖွဲ့ချုပ်​၊ ​နိုင်​ငံ​​ရေးအကျဉ်းသား​​ဟောင်းများအဖွဲ့ အစရှိသည့် ​​နိုင်​ငံ​ရေးအင်​အားစုအသီးသီး တက်​​ရောက်​ဂုဏ်​ပြုခဲ့ကြပါသည်​။
အခမ်းအနားသို့ တက်​​ရောက်​လာကြသည့် အင်​အားစုအသီးသီးက အမှတ်​တရစကား ​ပြောကြားခဲ့ကြပြီး ပါတီဗဟိုစည်းရုံး​ရေး​ကော်​မတီဝင်​ ဦး​အောင်​မြင့်စိန်​ကလည်း​ ဂုဏ်​ပြုအမှတ်​တရစကား ​ပြောကြား​ခဲ့ပါသည်​။ လူ့ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီဌာနချုပ်​၊ ​လူ့ဘောင်​သစ်​လူငယ်​နှင့် အခြားအဖွဲ့အစည်းများမှ​​ ပေးပို့လာသည့် သဝဏ်​လွှာများကို ဖတ်ကြားပြီး​နောက်​ မြို့နယ်​စည်းရုံး​ရေး​ကော်​မတီဥက္ကဋ္ဌ ဦးမိုးမင်းဦးက ​ကျေးဇူးတင်​စကား​ ပြောကြား၍ အခမ်းအနားကို ရုပ်​သိမ်းခဲ့ပါသည်​။

[ngg_images source=”galleries” container_ids=”227″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]