ရွေးကောက်ပွဲအောင်နိုင်ရေး လူထုစည်းရုံးရေးခရီး

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ပါတီလှုပ်ရှားမှုများ ရွေးကောက်ပွဲ

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်နှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် စက်တင်ဘာလ ၂၄ ရက်နေ့တွင် လူထုစည်းရုံးရေးခရီးစဉ်အဖြစ် မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်ခဲ့ကြပါသည်။ ထိုသို့သွားရောက်ရာတွင် ကန်ဆွယ်ရွာ၊ ကန်နီရွာ၊ မီးပေါက်ရွာ၊ ပျိုးကန်ရွာ၊ ရွာသစ်ရွာတို့ရှိ ကျေးလက်နေပြည်သူများအား လက်ကမ်းစာစောင်များ တအိမ်တက်ဆင်း ဝေငှပြီး ပါတီ၏မူဝါဒများကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။

[ngg src=”galleries” ids=”495″ display=”basic_thumbnail”]