ရွေးကောက်ပွဲအလွန် ကာလစစ်တမ်း ရှင်းလင်းတင်ပြပွဲသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

ပြည်သူများပူးပေါင်းလှုပ်ရှားမှုအဖွဲ့(PACE) က သုတေသနပြုထားသည့် ရွေးကောက်ပွဲအပေါ် လူထုသဘောထားအမြင်နှင့် အစိုးရသစ်အပေါ်  မျှော်မှန်းချက်များ စစ်တမ်းအား ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ၂၆- ၇- ၁၆ ရက် နေ့လည် ၁းဝ၀ နာရီတွင် Park Royal Hotel ၌ ပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းအရ လူဦးရေ သန်း ၅၀ ကျော်ရှိ၍ မဲပေးခွင့်ရှိသူ ၃၄ သန်းကျော်ရှိသည့်အနက် ဒေသ ၁၈၇ ခုမှ မဲဆန္ဒရှင်များကို ရွေးချယ်ကာ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီး စိန်ခေါ်မှု အမြောက်အမြားရှိခဲ့ကြောင်းနှင့် စစ်တမ်းကောက်ယူရရှိချက်များအား PACE တာဝန်ရှိသူများက တင်ပြခဲ့ပါသည်။ ၎င်းအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးတို့ တက်ရောက်ကာ နောင်တွင် ပိုမိုကောင်းမွန်တရားမျှတသည့် ရွေးကောက်ပွဲများ ပေါ်ပေါက်လာစေရေးအတွက် အစိုးရ၊ ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများအားလုံး၏ ပူးပေါင်းဆောင်ရွက်မှုသည် လွန်စွာအရေးပါကြောင်း အကြံပြုတင်ပြခဲ့ပါသည်။