ရွေးကောက်ပွဲကြားကာလ နိုင်ငံရေးပါတီများ၏ လုပ်ငန်းနှင့် အခန်းကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲ

ပါတီလှုပ်ရှားမှုများ

International Rrpublican Institute (IRI) နှင့် USAID တို့က စီစဉ်ကျင်းပသော ရွေးကောက်ပွဲကြားကာလ နိုင်ငံရေးပါတီများ၏ လုပ်ငန်းနှင့်အခန်းကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆၊ အောက်တိုဘာလ ၄ ရက်နှင့် ၅ ရက်နေ့တို့တွင် Summit Parkview Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲ၌ ပါတီတည်ဆောက်ရေးအတွက် အခြေခံလိုအပ်ချက်များ၊ ရွေးကောက်ပွဲကြားကာလတွင် ပါတီပိုမိုကျစ်လျစ်ခိုင်မာစေရန် ဆောင်ရွက်ထားသင့်သည်များ၊ မဲဆန္ဒရှင်များအား စည်းရုံးရာတွင် လုပ်ဆောင်သင့်သည့်အချက်များ နောင်လာမည့်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားသင့်သည့်ကိစ္စများ၊ မဲဆန္ဒရှင်များ၏ ထောက်ခံမှုရရှိအောင် ဆောင်ရွက်ခြင်း၊ သတင်းမီဒီယာသမားများနှင့် ခိုင်မာသောဆက်ဆံရေး တည်ဆောက်ခြင်း အစရှိသည်တို့ကို နိုင်ငံတကာအတွေ့အကြုံများ၊ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများနှင့် ဆက်စပ် ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲသို့ ၎င်းဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ် ၂၀ဝ ကျော် တက်ရောက်ခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးငွေလင်း၊ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေး၊ ဗဟိုဦးဆောင်ကော်မတီဝင် ဦးကျော်ကျော်စိုး၊ ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးတိုးတိုးထွန်း နှင့် ဦးမျိုးလွင်၊ လူ့ဘောင်သစ်လူငယ်မှ ကိုမျိုးစော့နှင့် မအေးမြတ်သန္တာတို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။