ရန်ကုန်တိုင်းဒေသကြီး၏ မြေအသုံးချမှုဆိုင်ရာ ဆွေးနွေးအမြင်ဖလှယ်ပွဲ တက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ


၂၂၊ ၆၊ ၂၀၁၉။ House of Orchid၊ ရန်ကုန်။

ရန်ကုန်တိုင်းဒေသကြီး မြေအသုံးချမှုကော်မတီ တောင်သူလယ်သမားအစုအဖွဲ့က စီစဉ်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး၏ မြေအသုံးချမှုဆိုင်ရာ ဆွေးနွေးအမြင်ဖလှယ်ပွဲကို ရန်ကုန်မြို့၊ House of Orchid တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ဆရာဦးမြင့်သွင်က မြေယာမူဝါဒနှင့် ဆက်စပ်မြေယာဥပဒေများကို ရှင်းလင်းတင်ပြခဲ့သည်။ ဆွေးနွေးပွဲတက်ရောက်လာသူများကလည်း ရန်ကုန်တိုင်းဒေသကြီး မြေအသုံးချမှုကော်မတီ အားကောင်းလာစေရန် လုပ်ဆောင်သင့်သည့် အချက်များနှင့် ကော်မတီအနေဖြင့် ဦးစားပေးလုပ်ဆောင်သင့်သည်များကို တင်ပြဆွေးနွေးခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တောင်သူလယ်သမားရေးရာကော်မတီမှ ဦးနိုင်လွင်ချိုနှင့် ဦးအောင်မိုးဝင်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ဓာတ်ပုံ – EPDP

[ngg src=”galleries” ids=”609″ display=”basic_thumbnail”]