ရန်ကင်းအထည်ချုပ်စက်ရုံ၊ အလုပ်သမားသပိတ်ကိုဝန်းရံ

ပါတီလှုပ်ရှားမှုများ

ဒဂုံဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုံ(၁)၊ အမှတ်-၁၃၇ ရှိ ရန်ကင်းအထည်ချုပ်စက်ရုံတွင် အလုပ်သမား ၄၀ဝ ကျော်က ၂၈-၁၁-၂၀၁၇ ရက်နေ့မှစတင်၍ သပိတ်တိုက်ပွဲဆင်နွှဲလျက်ရှိရာ စတုတ္ထမြောက်နေ့ဖြစ်သည့် ၁-၁၂-၂၀၁၇ နေ့အထိ ပြေလည်မှု မရရှိသေးပါ။ အလုပ်သမားများ၏ တောင်းဆိုချက်(၉) ချက်ရှိသည့်အနက် လုပ်သက်နှစ်ကြေး တစ်နှစ်လျှင် (၂၀ဝ၀ဝ)ကျပ်ပေးရန် ဆိုသည့်အချက်ကို အလုပ်သမားများက ၈၀ဝ၀ ကျပ်အထိ လျှော့ချပေးခဲ့သော်လည်း အလုပ်ရှင်ဘက်မှ ပြေလည်အောင်ညှိနှိုင်းပေးခြင်း မရှိသေးပါ။ အလုပ်သမားများက တောင်းဆိုချက်များရရှိသည်ထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ အလုပ်သမားအခွင့်အရေးသပိတ်တိုက်ပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ ဗကသများအဖွဲ့ချုပ်၊ ဗမာနိင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဗမာနိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂများအဖွဲ့ချုပ်တို့မှ ရဲဘော်များ သွားရောက်အားပေး ဟောပြော ဝိုင်းရံခဲ့ကြပါသည်။ အလှူငွေလည်း ပေးအပ်လှူဒါန်းခဲ့ပါသည်။

[ngg_images source=”galleries” container_ids=”298″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]