ရန်ကင်းအထည်ချုပ်စက်ရုံ၊ အလုပ်သမားသပိတ်ကိုဝန်းရံ

ပါတီလှုပ်ရှားမှုများ

ဒဂုံဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုံ(၁)၊ အမှတ်-၁၃၇ ရှိ ရန်ကင်းအထည်ချုပ်စက်ရုံတွင် အလုပ်ရှင်၊ အလုပ်သမား လုပ်ငန်းခွင်အဆင်မပြေမှုများ ဖြစ်ပေါ်နေပြီး ၂၈-၁၁-၂၀၁၇ ရက်နေ့မှစတင်၍ အလုပ်သမားများက တောင်းဆိုတိုက်ပွဲဝင်လျက် ရှိပါသည်။ အလုပ်ရှင်ဘက်မှ အလုပ်သမားများတောင်းဆိုချက်(၉) ချက်ရှိသည့်အနက် 
– လုပ်သက်နှစ်ကြေး တစ်နှစ်လျှင် (၂၀ဝ၀ဝ)ကျပ်ပေးရန်
– လက်ရှိပေးပြီးသား အဆောင်နေဝန်ထမ်းများအား အတွင်း(သို့)အပြင် ပြန်လည်နေရာ အတည်တကျပေးရန်
ဆိုသည့်အချက်များကို မလိုက်လျောဘဲ စက်ရုံပိတ်ပစ်မည် လျော်ကြေးပေးပြီး အကုန်အလုပ်ဖြုတ်ပစ်မည်ဟု ဥပဒေမဲ့ပြောဆိုသဖြင့် တောင်းဆိုချက်များရရှိသည်ထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါအလုပ်သမားတိုက်ပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ ဗကသများအဖွဲ့ချုပ်၊ ဗမာနိင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်တို့မှ ရဲဘော်များ သွားရောက်အားပေး ဟောပြော ဝိုင်းရံခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”297″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]