ရခိုင်အရေးဆွေးနွေးသည့် အစည်းအဝေးတက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

ရခိုင်အရေး ဆွေးနွေးကြသည့် ပဉ္စမအကြိမ်မြောက် အစည်းအဝေးကို မေလ ၃၀ ရက်နေ့တွင် UNDO ရုံး၌ ပြုလုပ်ခဲ့ပါသည်။ ဆရာကြီးသခင်ကိုဟ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ၁၉၇၄- ၇၅- ၇၆ နိုင်ငံရေးအင်အားစု၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့၊ ကရင်အမျိုးသမီးအစည်းအရုံး၊ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့မှ ခေါင်းဆောင်များ အစည်းအဝေးတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတက်ရောက်သူများက ဇွန်လ ၂ ရက်နေ့၊ ရာမခရစ်ရှနာခန်းမတွင် ပြုလုပ်မည့် “စစ်ပွဲများ ချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ” နိုင်ငံရေးစကားဝိုင်းအတွက် အသေးစိတ်အစီအစဉ်များကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။

[ngg src=”galleries” ids=”594″ display=”basic_thumbnail”]