ရခိုင်ပြည်နယ် ပဋိပက္ခများနှင့်ပတ်သက်သည့် ဆွေးနွေးပွဲပြုလုပ်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွါးလျက်ရှိသည့် ပဋိပက္ခများနှင့် ပတ်သက်၍ ဆွေးနွေးပွဲပြုလုပ်ရန်အတွက် ညှိနှိုင်းအစည်းအဝေးကို ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ရုံး၌ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄-၇၅-၇၆နိုင်ငံရေးအင်အားစု၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့၊ ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်တို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

[ngg src=”galleries” ids=”526″ display=”basic_thumbnail”]