ရခိုင်ပြည်နယ် ပဋိပက္ခနှင့်ပတ်သက်၍ ဆွေးနွေးပွဲပြုလုပ်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့်ပတ်သက်၍ နိုင်ငံရေးဆွေးနွေးပွဲတရပ်ပြုလုပ်ရန် ကြိုတင်ညှိနှိုင်းသည့် အစည်းအဝေးကို ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ရုံး၌ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ ၇၄-၇၅ နိုင်ငံရေးအင်အားစု၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့၊ ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့တို့မှ တာဝန်ရှိသူများ အစည်းအဝေးတက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

[ngg src=”galleries” ids=”527″ display=”basic_thumbnail”]