မှိုင်း-ငြိမ်းကွန်ရက်(လပွတ္တာ) ဖွဲ့စည်းရေး အကြို ညှိနှိုင်းအစည်းအဝေးကျင်းပ

ပါတီလှုပ်ရှားမှုများ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်(လပွတ္တာ) ဖွဲ့စည်းရေး အကြိုညှိနှိုင်းအစည်းအဝေးကို ၁၅-၁-၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ မြို့ခံနိုင်ငံရေးအင်အားစုများ၊ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများ၊ လယ်သမားသမဂ္ဂများ၊ လပွတ္တာမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်များ၊ မှိုင်းငြိမ်းကွန်ရက်(ရန်ကုန်)အဖွဲ့ဝင်များ၊ DPNS ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးတိုးတိုးထွန်းနှင့် ဦးအောင်မိုးဝင်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ဆရာကြီး၏ ငြိမ်းချမ်းရေးအယူအဆများ၊ မှိုင်းငြိမ်းကွန်ရက် လက်ရှိဆောင်ရွက်နေမှုများ၊ လက်ရှိနိုင်ငံရေး၊ ငြိမ်းချမ်းရေး အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။