မှိုင်း-ငြိမ်းကွန်ရက်(မြောင်းမြ)ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ပါတီလှုပ်ရှားမှုများ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်(မြောင်းမြ) ဖွဲ့စည်းသည့် အစည်းအဝေးကို ၁၅-၁-၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ မြောင်းမြလူငယ်ကွန်ရက် အဖွဲ့ဝင်များ၊ နိုင်ငံရေးသမားဟောင်းကြီးများ၊ မြှို့ခံနိုင်ငံရေးအင်အားစုများ၊ မြောင်းမြမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်များ၊ မှိုင်းငြိမ်းကွန်ရက်(ရန်ကုန်)အဖွဲ့ဝင်များ၊ DPNS ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးတိုးတိုးထွန်းနှင့် ဦးအောင်မိုးဝင်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ဆရာကြီး၏ ငြိမ်းချမ်းရေးအယူအဆများ၊ လက်ရှိနိုင်ငံရေး၊ ငြိမ်းချမ်းရေး အခြေအနေများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အဖွဲ့ဝင် ၂၁ ဦးပါဝင်သော မြောင်းမြမြို့နယ် မှိုင်းငြိမ်းကွန်ရက်ကို ဖွဲ့စည်းခဲ့ကြပါသည်။