မြေယာမူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ မြေယာမူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံးတွင် ဖေဖော်ဝါရီ၊ ၃ – ၄ နှစ်ရက်ကြာ ပြုလုပ်ခဲ့ပါသည်။ အစိုးရနှင့် အခြားအဖွဲ့အစည်းများ၏ မြေယာမူဝါဒများ၊ မြေယာဆိုင်ရာဥပဒေများကို မြေယာအရေးကျွမ်းကျင်သူများဖြစ်ကြသည့် ဦးသန့်စင်နှင့် ဦးမင်းအောင်သူတို့က ရှင်းလင်းတင်ပြ ဆွေးနွေးပေးခဲ့ကြပါသည်။  တောင်သူလယ်သမားများ၏ အကျိုးစီးပွါး၊ ရင်းနှီးမြှုပ်နှံမှု၊ မြေယာပိုင်ဆိုင်ခွင့်၊ မြေယာနှင့် သယံဇာတ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်၊ မြေယာပြဿနာများ၊ ပြန်လည်နေရာချထားရေး တို့အပါအဝင် မြေယာအရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များကို အုပ်စုလိုက်ဆွေးနွေးခြင်း၊ တင်ပြခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲသို့  ပါတီ၏ တောင်သူလယ်သမားရေးရာကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ တောင်သူလယ်သမားများ၏ အကျိုးစီးပွါးနှင့် အခွင့်အရေးများကို ကာကွယ်မြှင့်တင်နိုင်ရန်၊ ဖက်ဒရယ်ကိုအခြေခံသည့် မြေယာမူဝါဒတရပ် ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ဆွေးနွေးပွဲပြုလုပ်ခြင်းဖြစ်ပါသည်။ ကူညီဆွေးနွေးပေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ ပါတီ၏ တောင်သူလယ်သမားရေးရာကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

[ngg src=”galleries” ids=”522″ display=”basic_thumbnail”]