မြစ်​ဆုံစီမံကိန်း အပြီးတိုင်​ဖျက်​သိမ်း​ရေး နိုင်​ငံလုံးဆိုင်​ရာအစည်းအ​ဝေး တက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

မြစ်​ဆုံစီမံကိန်း အပြီးတိုင်​ဖျက်​သိမ်း​ရေး နိုင်​ငံလုံးဆိုင်​ရာအစည်းအ​ဝေးကို ၂၀၁၉၊ ဧပြီလ ၁ ရက်နေ့က မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်းခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ နံနက်ပိုင်းတွင် မြစ်ဆုံစီမံကိန်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးရမည့် သဘာဝပတ်ဝန်းကျင်၊ လူမှုဝန်းကျင်ဆိုင်ရာအခြေအနေများကို စာရေးဆရာများ၊ ပညာရှင်များက ဟောပြောခဲ့ကြပါသည်။ အဖွဲ့အစည်းအသီးသီးမှ အစည်းအဝေးသို့ ပေးပို့လာသည့် သဝဏ်လွှာများ၊ သဘောထားထုတ်ပြန်ချက်များကိုလည်း ဖတ်ကြားခဲ့ကြပါသည်။ ညနေပိုင်းတွင် မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် ဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြပါသည်။ သဘောထားကြေညာချက်တစောင်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။ ရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အသင်းအဖွဲ့များ၊ ပညာရှင်များ၊ မြစ်ဆုံဒေသခံများ၊ လူထုလူတန်းစား အလွှာအသီးသီးမှ တက်ကြွလှုပ်ရှားသူများ အစည်းအဝေးတက်ရောက်ခဲ့ကြပါသည်။

[ngg src=”galleries” ids=”562″ display=”basic_thumbnail”]