မြင်းခြံ DPNS ရဲဘော်များအား MIGS က လာရောက်တွေ့ဆုံဆွေးနွေး

ပါတီလှုပ်ရှားမှုများ

Myanmar Institute of Gender Studies (MIGS) အဖွဲ့ဝင်များသည် ၂၀၁၈ ဇန်နဝါရီ ၇ ရက်နေ့တွင် DPNS မြင်းခြံစည်းရုံးရေးကော်မတီဝင်များ DPNS အမျိုးသမီးလုပ်ငန်းကော်မတီဝင်များ လယ်သမားအရေးလှုပ်ရှားသူများနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အယူအဆ ပဋိပက္ခဖြစ်ရခြင်း အကြောင်းရင်း ငြိမ်းချမ်းရေးတွင် အမျိုးသမီးများပါဝင်မှု၊ ငြိမ်းချမ်းရေးနှင့်လုံခြုံရေး စပ်ဆက်မှုအခြေအနေ၊ ကာကွယ်စောင့်ရှောက်မှုနှင့် ကြိုတင်ကာကွယ်မှု လိုအပ်ချက်၊ ငြိမ်းချမ်းရေးနှင့် အမျိုးသမီးများဆက်စပ်မှု ဆုံးဖြတ်ချက်ချသည့်နေရာ၊ ဦးဆောင်နိုင်မှုတို့တွင် အမျိုးသမီးနှင့် အမျိုးသား ပါဝင်မှုအချိုးအစား ပဋိပက္ခဖြစ်ပွါးရာဒေသများတွင် အမျိုးသမီးများ၏ လုံခြုံရေးခြိမ်းခြောက်ခံနေရသည့် အခြေအနေများ စသည်တို့ကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

 
[ngg_images source=”galleries” container_ids=”338″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]