မြင်းခြံမှိုင်းငြိမ်းကွန်ရက် နာယက ဦးအောင်သူ အသက် (၈၀)ပြည့်မွေးနေ့

ပါတီလှုပ်ရှားမှုများ

၁၉၆၁-၆၂ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဟောင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ မြင်းခြံသပိတ်ကော်မတီ ဒုဥက္ကဋ္ဌ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်(မြင်းခြံ) နာယက ဦးအောင်သူ၏ အသက်(၈၀)ပြည့်မွေးနေ့ကို ၂၂-၁၀-၁၆ ရက်နေ့က မြင်းခြံမြို့၊ စွန်းလွန်းဂူကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ မွေးနေ့ပွဲသို့ အနယ်နယ်အရပ်ရပ်ရှိ စာပေ၊ အနုပညာနှင့် နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ မြင်းခြံဒေသခံ နိုင်ငံရေးအင်အားစုများ၊ မြင်းခြံမြို့နယ် DPNSရဲဘော်များ တက်ရောက်ခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်လည်း တက်ရောက်၍ အမှတ်တရဂုဏ်ပြုစကား ပြောကြားခဲ့ပါသည်။