မြင်းခြံမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်အမျိုးသမီးများနှင့် ပါတီလိုလားသူများ တွေ့ဆုံဆွေးနွေး

ပါတီလှုပ်ရှားမှုများ

မြင်းခြံမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်အမျိုးသမီးများနှင့် ပါတီလိုလားသူများ တွေ့ဆုံဆွေးနွေးပွဲကို ၂၂- ၁၁- ၁၆ ရက်နေ့က DPNS မြင်းခြံမြို့နယ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဒေါ်နိုးနိုးထက်စံ၊ ဗဟိုစည်းရုံးရေးကော်တီဝင် ဒေါ်ခင်ခင်ကြိုင်နှင့် ဒေါ်မေဖြူဆွေတို့က ပါတီ၏ မူဝါဒများ၊ လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုများကို ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြပါသည်။