မြင်းခြံမြို့နယ် လယ်သမားများအား လယ်ယာမြေဥပဒေ သင်တန်းပေး

ပါတီလှုပ်ရှားမှုများ

မေလ ၄ ရက်၊ ၅ ရက်နေ့များတွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ကျားတိုင်းရွာ၊ ကျောက်ကုန်းရွာနှင့် ရသာရွာမှ တောင်သူများအား မြင်းခြံမြို့နယ် ပါတီစည်းကော်မတီက အသိမြှင့်သင်တန်းတခု ပြုလုပ်ပေးခဲ့ပါသည်။
သင်တန်းတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်ခင်ခင်ကြိုင်နှင့် ဦးသန်းထိုက်အောင်တို့က ဦးဆောင်၍ လယ်ယာမြေဥပဒေများကို ပို့ချပေးခဲ့ပါသည်။  ယခု ပြဋ္ဌာန်းထားသော လယ်ယာမြေဥပဒေ၊ မြေလွတ်မြေလပ် မြေရိုင်းဥပဒေတို့၏ အားနည်းချက်များကို ထောက်ပြပေးခဲ့ကြသည်။ လယ်သမားများ အမှန်တကယ်လွတ်မြောက်ဖို့ ကိစ္စမှာ လယ်သမားများကိုယ်တိုင် ဆောင်ရွက်မှ ရမည်ဆိုသည့် တောင်သူလယ်သမားသမဂ္ဂစိတ်ဓာတ်ကို မိတ်ဆက်ပေးခဲ့ကြပါသည်။