မြင်းခြံမြို့နယ် ထနောင်းတိုင်ကျေးရွာအုပ်စု ဆိုင်းဘုတ်တင်ပွဲအခမ်းအနား

ပါတီလှုပ်ရှားမှုများ

မြင်းခြံမြို့နယ်၊ ထနောင်းတိုင်ကျေးရွာအုပ်စုတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ၂၀၁၈၊ ဇူလိုင်လ ၂၄ ရက်နေ့၌ ပြုလုပ်ခဲ့ပါသည်။ ဆိုင်းဘုတ်တင်ပွဲတွင် ထနောင်းတိုင်ကျေးရွာအုပ်စု စည်းရုံးရေးတာဝန်ခံ ကိုပြည့်ဖြိုးဝင်းက ကြိုဆိုနှုတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပါတီ၏ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် လက်ရှိနိုင်ငံရေးအခြေအနေများကိုလည်းကောင်း၊ လူ့ဘောင်သစ်လူငယ်အကြောင်းကို မအိသဉ္ဇာမောင်ကလည်းကောင်း ပြောကြားခဲ့ကြပါသည်။ ထို့နောက် မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်နှင့် မြို့နယ်စည်းရုံးရေးကော်မတီဝင် ဦးမျိုးဟန်တို့က ကျေးဇူးတင်စကား ပြောကြားခဲ့ကြပါသည်။ နေ့လည်ပိုင်းတွင် ဒေသခံလူငယ်များနှင့် ဆွေးနွေးပွဲစကားဝိုင်း ပြုလုပ်ခဲ့ပါသည်။

[ngg_images source=”galleries” container_ids=”454″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]